၂၈.၄.၂၀၂၅ ရက်နေ့၊ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော တိုက်အမှတ် (၂၃၅၁) တွင် ဧရာဝတီတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးဆောင်ရွက်နေစဉ် အခန်းအမှတ် (၂၅) မှ ဆိုင်ကယ် (၁)စီးနှင့် အခန်းအမှတ် (၂၆) မှ အရေးကြီးစာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ရှာဖွေတွေ့ရှိကာ ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။



