မန္တလေးငလျင်ကြီးကြောင့် နေထိုင်ခက်ခဲနေသည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကျောက်ဆည်ခရိုင်အတွင်း Modular House ၅၀ လုံးအား အငှားစနစ်ဖြင့် နေထိုင်ခွင့်ပေးမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ တရုတ်နိုင်ငံမှ မှာယူသည့် Modular House တစ်လုံး၏ကုန်ကျစရိတ်မှာ ကျပ် ၁၂၅ သိန်းရှိပြီး လက်ရှိ ၁၅ လုံးရရှိထားကာ ကျန် ၃၅ လုံးအတွက် အလှူငွေရှာဖွေနေသည်။



