ကမ္ဘာ့ရွှေဈေး (Spot Gold) တစ်အောင်စအတွက် အမေရိကန်ဒေါ်လာ ၃၃၀၀ အထိတက်ရှိနေချိန်တွင် မြန်မာနိုင်ငံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိ စံချိန်မီရွှေ တစ်ကျပ်သားဈေးကို ကျပ် ၅,၆၆၀,၀၀၀ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။



