ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဒေသဖြစ်သော မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ ဧပြီ ၂၈ ရက် တစ်လပြည့်မြောက်သည့်နေ့တွင် သေဆုံးခဲ့ရသူများအတွက် သံဃာများကို သက်ပျောက်ဆွမ်း ကပ်လှူပွဲများ ပြုလုပ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။မြန်မာထုံးတမ်းဓလေ့အရ သေဆုံးပြီး တစ်ပတ်ပြည့်ပါက သံဃာများကို ပင့်ဖိတ်၍ ရက်လည်ဆွမ်းသွတ်ပြုလုပ်လေ့ရှိသကဲ့သို့ ပထမဆုံးတစ်လပြည့်တွင် သက်ပျောက်ဆွမ်းကပ်လေ့ရှိသည်။



