ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ အောင်ပန်းမြို့ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာ၌ ဧပြီ ၂၇ ရက် ညနေ ၃နာရီ၁၀မိနစ်အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အမျိုးသား(၂၂)ဦးအပါအဝင် လေဘေးသင့်ပြည်သူ(၄၃)ဦးအား နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြသည်။



