ဒရာမာအက်ရှင်ပုံစံဖြစ်သည့် “ဆုံမှတ်” ဇာတ်လမ်းတွဲကို မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်မှစတင်၍ ရိုက်ကူးနေပြီး၊ မြန်မာ့ရိုးရာနှင့် အိန္ဒိယယဉ်ကျေးမှုများ ပါဝင်မည့်အပြင် ထွန်းထွန်း၊ ထွန်းမင်း၊ မင်းဟိဏ်းတို့ အပါအဝင် သရုပ်ဆောင် များစွာပါဝင်ကာ အပိုင်း ၂၀ လောက် ရိုက်ကူးသွားမည်ဖြစ်ပြီး ပရဟိတမင်းသားကိုထွန်းမင်း၏ ဇာတ်ရုပ်ကိုပါ အခြေခံထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။



