ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ၏ ၄/၂၀၂၅ အစည်းအဝေးတွင် စက်မှုလုပ်ငန်းသစ် ၂ ခုကို အတည်ပြုပေးခဲ့ပြီး သစ်သားပြားနှင့် ပရိဘောဂထုတ်လုပ်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။ ဤလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်း ရင်းနှီးမြှုပ်နှံပြီး လုပ်သား ၁၀၀၀ ကျော် အလုပ်အကိုင်ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားသည်။



