၂၈.၄.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်ကြီး မင်္ဂလာကျုံးအတွင်းရှိ စေတီတော်တစ်ဆူသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည်။ ထိုသို့ ပြိုကျမှုဖြစ်ပွားသဖြင့် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



