ရပ်ကွက်ဈေးများတွင် အာပြဲခြောက်ဈေး မြင့်တက်နေပြီး၊ အကောင်ကြီးတစ်ဆယ်သား ၆,၀၀၀ ကျပ်၊ အကောင်လတ်နှင့် အကောင်သေးတစ်ဆယ်သား ၄,၅၀၀-၅,၀၀၀ ကျပ်နှင့် ရောင်းချနေသည်။ ငါနီတူခြောက်၊ ငါးတံခွန်ခြောက်နှင့် ငါးမြီးတံသွယ်ခြောက်များမှာ ပုံမှန်ဈေးနှုန်းဖြစ်သော်လည်း၊ ငါးမြွေထိုးခြောက်၊ အသားမျှင်ခြောက်နှင့် ငါးကြင်းတုံးခြောက်တို့တွင် ဈေးနည်းနည်း တက်နေသည်။ ငါးရွှေတုံးခြောက်၊ ငါးခုံးမခြောက်နှင့် သင်းလုံးခြောက်များကတော့ ဈေးအတတ်သင့်ရှိပြီး၊ ငါးရံ့ခြောက်၊ ငါးရောင်ခြောက်နှင့် ငါးကျည်းကြပ်တိုက်တို့တွင် အမြင့်ဈေးဖြစ်နေသည်။ ပုစွန်ခြောက်ဈေးများလည်း တစ်ဆယ်သား ၁၂,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်အထိရှိကာ ပုံမှန်အမြင့်ဈေးအတိုင်း ဆက်ရှိနေသည်။



