ရီးယဲလ်မက်ဒရစ်နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဇွန်လမှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင် ဘရာဇီးလ်အသင်းနည်းပြရာထူး ရယူဖို့အတွက် နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ အသက် ၆၅ နှစ် အီတလီသားနည်းပြကြီးဟာ ဘရာဇီးလ်ဘာလုံးအဖွဲ့ချုပ် (CBF) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဧပြီလ (၂၆ )ရက် စနေနေ့က ဆီဗီးလ်မှာ ဘာစီလိုနာကို ကိုပါဒယ်လ်ရေး ဖိုင်နယ်မှာ ရီးယဲလ်အသင်း ရှုံးနိမ့်အပြီး အန်ဆယ်လော့တီက မိမိရဲ့အနာဂတ်အကြောင်းကို "ဒီနေ့မှာ မဟုတ်ဘဲ လာမယ့် ရက်သတ္တပတ်တွေမှာ ဆွေနွေးရမယ့် ခေါင်းစဉ်တခု"လို့ ဆိုခဲ့ပါတယ်။



