အီရန်နိုင်ငံ တောင်ပိုင်း ဟော်မို့ဇ်ဂန်ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဧပြီ ၂၆ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၇၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ရှာဟစ် ရာဂျေး ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူခြောက်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု IRNA က ဆိုသည်။ထိုပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား သုံးဦးမှာ အသေးစား ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ဘန်ဒါ အဘတ်စ်မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။



