Toyota Motor သည် တချိန်တခါက မိခင်လုပ်ငန်း ဖြစ်ခဲ့သည့် Toyota Industries ကို ကန်ဒေါ်လာ ၄၂ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်နေသည်။Toyota Industries ကို Toyoda Automatic Loom Works အမည်ဖြင့် Sakichi Toyoda က အလိုအလျောက် ရက်ကန်းစက်များ ထုတ်လုပ်ရန် ၁၉၂၆ ခုနှစ်တွင် ထူထောင်ခဲ့သည်။လုပ်ငန်းနယ်ပယ်အသစ် တိုးချဲ့ခဲ့ရာတွင် မော်တော်ယာဉ်ထုတ်လုပ်ရေး ဌာနခွဲ တခုကို ထူထောင်ခဲ့သည်။ ၎င်းဌာနခွဲကို တသီးတခြားခွဲထုတ်ပြီး Toyota Motor အမည်ဖြင့်ကုမ္ပဏီ ထူထောင်ခဲ့သည်။ဈေးကွက်တန်ဖိုး ၄ ထရီလီယံယန်းရှိသည့် Toyota Industries ကို ၆ ထရီလီယံယန်း (ကန်ဒေါ်လာ ၄၂ ဘီလီယံ) ဖြင့် ဝယ်ယူရန် တိုယိုတာ ဥက္ကဋ္ဌ Akio Toyoda နှင့် ၎င်း၏ မိသားစုက အဆိုပြုထားသည်။



