back

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့ ပြည်တွင်းမိုးလေဝသသတင်း နံနက် ၇:၀၀ ထုတ်ပြန်ချက်

Apr 28 • 12:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့ ပြည်တွင်းမိုးလေဝသသတင်း နံနက် ၇:၀၀ ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယနေ့ညနေအထိ ...

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယနေ့ညနေအထိ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်များတွင် နေရာစိပ်စိပ်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး၊ ကျန်ဒေသများတွင် နေရာကွက်ကျား မိုးရွာမည် (ရွာရန်ရာနှုန်း ၈၀)။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး ၄ ပေမှ ၇ ပေခန့်ရှိနိုင်သည်။ နောက်၂ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာမည်။


news-view-count-icon

21