၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း အနောက်တောင်မုတ်သုံလေသည် ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး အောက်တိုဘာပထမပတ်တွင် ဆုတ်ခွာမည်ဖြစ်ပြီး၊ မိုးဦးကာလ (မေလ-ဇွန်လ)၊ မိုးလယ်ကာလ (ဇူလိုင်-သြဂုတ်)နှင့် မိုးနှောင်းကာလ (စက်တင်ဘာ-အောက်တိုဘာ) အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းငယ်များ ဖြစ်ပေါ်နိုင်မည်၊ မိုးရွာသွန်းမှုမှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအနက် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်တို့တွင် အထူး မိုးပေါ်မည်ဖြစ်ပြီး တခြားဒေသများတွင် မိုးထစ်ချုန်းရွာမည်၊ မိုးလယ်နှင့် မိုးနှောင်းကာလများတွင် မြစ်ရေများ စိုးရိမ်ရေမှတ်ထက်ကျော်နိုင်သဖြင့် ရေကြီးရေလွှမ်းမှုများ ဖြစ်နိုင်ချေရှိသည်။



