၂၀၂၅ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်ချိန်မှ ဇွန်လကုန်အထိဖြစ်ပြီး၊ တောင်ပိုင်းဒေသများတွင် မေလ ၁၆-၂၀ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် မေလ ၂၁-၂၅ ရက်၊ အလယ်ပိုင်းဒေသများတွင် မေလ ၂၆-၃၁ ရက်နှင့် မြောက်ပိုင်းဒေသများတွင် ဇွန်လ ၁-၅ ရက်အတွင်း မုတ်သုံလေ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။ မိုးရွာသွန်းမှုအနေဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် မွန်၊ ရခိုင်ပြည်နယ်များတွင် အများအပြားရွာသွန်းနိုင်ပြီး၊ ကျန်ဒေသများတွင် မိုးထစ်ချုန်း၍ ရွာသွန်းနိုင်မည်ဖြစ်သည်။ ဧရာဝတီ၊ ချင်းတွင်းနှင့် အခြားမြစ်ကြီးများတွင် မေလနှင့် ဇွန်လအတွင်း ရေမျက်နှာပြင်မြင့်တက်နိုင်သော်လည်း စိုးရိမ်ရေမှတ်အထိ မရောက်ရှိနိုင်ပါ။



