မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ကွမ်လှာကျေးရွာ၊ သချိုင်းအနီး ပေါင်းကူးအောက်ကို ဆိုင်ကယ်စီးလာသူတစ်ဦးပြုတ်ကျပြီး မျက်နှာမှာဒဏ်ရာတွေနဲ့ သေ ဆုံးနေတာကို ယနေ့ (၂၇.၄.၂၀၂၅)နေ့တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လူတစ်ဦးလဲနေကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းကို အကြောင်းကြားခဲ့တာကြောင့် သွား ရောက်ခဲ့ချိန်မှာ သေဆုံးနေတာ ကြာမြင့်နေတဲ့ အ နေအထားနဲ့တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ သေဆုံးသူရုပ်အလောင်းကို ကမာဝက်ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



