မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများအတွက် ငလျင်ဘေး (၁)လပြည့်ကုသိုလ်ပြုပွဲအား စစ်ကိုင်းမြို့ရှိ သီတဂူသံဝေဇနိယဓမ္မာဗိဗာန်တော်ကြီး၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ဧပြီ ၂၈ ရက်နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိကျင်းပသွားမည်ဖြစ်၍ အနှစ်သာရပြည့်အောင်မြင်စွာကျင်းပနိုင်ရန် သီတဂူဆရာတော်ကြီးထံမှ စီစဥ်ကျင်းပမည့် ဆရာတော်၊ သံဃာတော်များက တတိယအကြိမ်မြောက်အဖြစ် သြဝါဒခံယူခဲ့ကြကြောင်း သိရသည်။



