မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။ရှမ်းပြည်နယ်တွင်ကလော၊အောင်ပန်း၊ လဲချားမြို့တို့အပါအဝင် မြို့နယ်အများအပြား၌ မိုးရွာခဲ့ပြီး မိုးသီးများ ကြွေကျခဲ့သည်။ရန်ကုန်မြို့တွင်လည်း နာရီဝက်ခန့်အကြာ မိုးရွာခဲ့ပြီး ဧရာဝတီတိုင်းမှမြို့နယ်အချို့တွင်လည်း မိုးရွာခဲ့သည်။ ဧပြီလနောက်ဆုံးပါတ်တွင် နိုင်ငံတစ်ဝန်းအပူရှိန်ပြင်းထန်ပြီး ဒေသအချို့တွင် ပြည်သူအချို့အပူဒဏ်ကြောင့် အပူရှပ်သေဆုံးမှုများရှိသည်။



