ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဆိုလာတပ်ဆင်ရေးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းဖြစ်သူမှ အလုပ်ရှင်ပိုင် မော်တော်ယာဉ်အား ခိုးယူထွက်ပြေးပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ Maxx Solar Power ဆိုင်ရှင်ဖြစ်သူ ဦးမင်းအောင်ဟိန်းသည် ဧပြီလ(၁၁)ရက်နေ့ကလုပ်ငန်းကိစ္စဖြင့် မော်လမြိုင်မြို့သို့ ခရီးသွားစဉ် ဆိုင်အလုပ်သမားဖြစ်သူ မောင်ဇင်ကို(ဘ)ဦးရဲနိုင်၊ မလေးရှားဝိုင်းအုပ်စု၊ တိုက်ကြီးမြို့နယ်နေသူအား ဆိုင်စောင့်အဖြစ် ထားခဲ့ရာ၊ ဧပြီလ(၁၄)ရက်နေ့၌ အလုပ်ရှင်မရှိခိုက် မောင်ဇင်ကိုမှ ဆိုင်တွင်ကျန်ခဲ့သည့် အလုပ်ရှင်ပိုင် Honda Fit မော်တော်ယာဉ်အား ခိုးယူထွက်ပြေးမောင်းနှင်စဉ် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကြံခင်းလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပါတယ်။



