back

ပြည်တွင်းအချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

Apr 27 • 2:41 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းအချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

အမှတ်စဉ် (၂၆/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်ထုတ်ပြန်ချက်အရ၂၈-၄-၂၀၂၅ ရက်နေ့မှ ၃-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်...

အမှတ်စဉ် (၂၆/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်ထုတ်ပြန်ချက်အရ၂၈-၄-၂၀၂၅ ရက်နေ့မှ ၃-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။



news-view-count-icon

21