ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင်အတွင်းရှိ မြေငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သောနေရာများကို တရုတ်မြေငလျင်ပညာရှင်များက ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ထိုသို့လေ့လာရာတွင် တောင်ငူမြို့ (၂၃) ရပ်ကွက်၊ မိုးကောင်း၊ ချောင်းမရှင်စောဘုရားကြီး၊ ကုန်သည်ကြီးလမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းထောင့် လူနေအဆောက်အဦပြိုကျပျက်စီးခဲ့မှု၊ လူထိခိုက်သေဆုံးခဲ့သည့် ဝေဠုဝန် စာသင်တိုက် ဘုန်းတော်ကြီးကျောင်းရှိ သိမ်တော်ပြိုကျပျက်စီးမှုနှင့် အမှတ် (၁၁)ရပ်ကွက်ရှိ ကန်တော်ဗလီပြိုကျ ပျက်စီးမှုနေရာတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။



