back

မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား ဒုတိယအကြိမ်မြောက်အဖြစ် အခမဲ့သင်ကြားပို့ချမည်

Apr 27 • 1:12 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား ဒုတိယအကြိမ်မြောက်အဖြစ် အခမဲ့သင်ကြားပို့ချမည်

၂၀၂၅ ခုနှစ် နွေရာသီ မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား Han Golf Msaters Golf Academy က ဒုတိယအကြိမ်မြောက်အဖြစ် မေ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်ကြာ အခမဲ့သင်ကြ...

၂၀၂၅ ခုနှစ် နွေရာသီ မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား Han Golf Msaters Golf Academy က ဒုတိယအကြိမ်မြောက်အဖြစ် မေ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်သည်။အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား အသက်(၁၀) နှစ်မှ (၁၈)နှစ်အထိ လူဦးရေ(၃၀)ဦးအထိအား နည်းပြများဖြစ်သည့် ဦးချမ်းဟန်၊ ဦးကိုကိုလေး၊ ဦးသီဟဌေး၊ ဦးစိန်ပိုင်၊ ဦးအောင်မျိုးဟိန်းနှင့် အခြားနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်း သင်တန်းအားတက်ရောက်လိုသူများအနေဖြင့် မေ ၃ ရက်ည ၆ နာရီ နောက်ဆုံးထား၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာလမ်းနှင့် လေဆိပ်လမ်းထောင့်ရှိ Han Golf Msaters Driving Range သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။




news-view-count-icon

25