back

ဧရာဝတီမြေနုကျွန်းပေါ်မှ ငလျင်ဒဏ်သင့်ရွာများ မိုးမကျမီပြန်လည်ထူထောင်နိုင်ရေးလိုအပ်

Apr 27 • 1:13 PM

breaking-news

မြန်မာ

မန္တလေး

cover

ဧရာဝတီမြေနုကျွန်းပေါ်မှ ငလျင်ဒဏ်သင့်ရွာများ မိုးမကျမီပြန်လည်ထူထောင်နိုင်ရေးလိုအပ်

ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ ဧရာဝတီမြေနုကျွန်း‌ပေါ်မှကျေးရွာအချို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး မိုးမကျမီကာလအတွင်း ပြန...

ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ ဧရာဝတီမြေနုကျွန်း‌ပေါ်မှကျေးရွာအချို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး မိုးမကျမီကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ ပုသိမ်ကြီးမြို့နယ်မှ သံဘိုကျွန်းရွာအပါအဝင် ရွာအချို့သည် မတ်လ ၂၈ရက်က ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အကူအညီများလိုအပ်နေခြင်းဖြစ်သည်။အဆိုပါရွာများသည် ဧရာဝတီမြစ်လယ်ရှိ ကျွန်းပေါ်တွင်ရှိပြီး မိုးကာလ မြစ်ရေတက်လာသည်နှင့်အမျှ ရေကြီးခြင်းကိုပါ နှစ်စဉ် ကြုံတွေ့ရသည့် ရွာများဖြစ်သည်။သံဘိုကျွန်းရွာအပါအဝင် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရွာများ၌ တနိုင်တပိုင်ကူညီသူများလာရောက်ကူညီခြင်းရှိနေပြီး ဒေသခံများကလည်း ကိုယ်ထူကိုယ်ထ ပြုပြင်နေကြသည်။ သို့သော် မကြာမီကာလတွင် မိုးရွာသီသို့ရောက်တော့မည်ဖြစ်၍ ဒေသခံများသည်စိုးရိမ်နေကြသည်။ 



news-view-count-icon

33