ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရွှေတိဂုံပုံတူစေတီတော်မှာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော် တင်လှူပူဇော်ခြင်းနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဧပြီ ၂၇ ရက် မနက်ပိုင်းက ရွှေတိဂုံပုံတူစေတီတော် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆရာတော် သံဃာတော်တွေက စေတီတော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး အလှူရှင်တွေက ရတနာ ရွှေမိုး ငွေမိုးတွေ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။



