မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ရှိဆီစက်လုပ်ငန်းရှင်တွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေးအတွက် FDA ထောက်ခံချက်လက်မှတ်ရရှိရေးလျှောက်ထားသူ ပိုမိုများပြားလာတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေထံကသိရပါတယ်။FDAထောက်ခံချက်လက်မှတ်ရရှိတဲ့ဆီစက်တွေကထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့မြေပဲဆီတွေဟာ စျေးကွက်မှာဝယ်ယူစားသုံးသူပိုမိုများတယ်လို့ ဆိုပါတယ်။အခုအောင်လံမြို့မှာမြေပဲဆီတစ်ပိသာ၁၆,၀၀၀ကျပ်စျေးနဲ့ နှမ်းဆီတစ်ပိသာ၁၅,၀၀၀ကျပ်စျေးရှိပြီး မြေပဲဆီကိုအများဆုံးဝယ်ယူစားသုံးကြတယ်လို့ဆီစက်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။



