ရှမ်းပြည်နယ်အစိုးရအဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ပေးပို့ လှူဒါန်းတဲ့ သီးနှံကုန်စိမ်းတွေတင်ဆောင်လာတဲ့ ကား ၄စီးဟာ ဧပြီလ ၂၇ ရက်မနက်ပိုင်းက မန္တလေးမြို့၊ ရွှေသံလွင် အုပ်စု SKY NET၊ SHWE BANK၊ Mo Money မိသားစုက ချက်ပြုတ်လှူဒါန်းရာနေရာကို ရောက်ရှိလာပါတယ်။အခုရောက်ရှိလာတဲ့ သီးနှံကုန်စိမ်းကားတစ်စီးစီမှာ ခရမ်းချဉ်သီး ၂၂ခြင်း၊ ဂေါ်ဖီထုတ် အထုတ် ၁၀၀၀၊ ပန်းဂေါ်ဖီ ၅၀၀၊ ခရမ်းသီး ၁၁ထုတ်၊ ဗူးသီး ၇အိတ်၊ ကျောက်ဖရုံသီး ၁၂အိတ်၊ အားလူး အိတ် ၂၀ တို့ပါဝင်ပါတယ်။ရွှေသံလွင်လုပ်ငန်းအုပ်စု SKY NET၊ SHWE BANK၊ Mo Money မိသားစုဟာ နေပြည်တော်၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ငလျင်ကြီးဒဏ်သင့်ပြည်သူ တွေအတွက် နေ့စဉ် ထမင်းနဲ့ ဟင်းလျာတွေကို နေ့ညမပြတ် စတုဒိသာအာဟာရဒါန ချက်ပြုတ် ကျွေးမွေးလှူဒါန်းနေတာဖြစ်ပါတယ်။



