စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)တို့ပူးပေါင်း၍ ရွှေဘိုသွေးစာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀း၀၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။



