ပြည်တွင်းရှိ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံမှပေးသည့်ဈေးမှာ ယခင်နှစ်ထက် နည်းပါးနေ၍ ကုန်သည်တချို့ ပြောင်းတင်ပို့ရောင်းချမှု ရပ်နားထားကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်း ဝယ်သူများအသင်းမှ သိရပါတယ်။လက်ရှိကာလသည် ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ ပြောင်းတင်သွင်းခွင့် သတ်မှတ်ထားသည့် ကာလဖြစ်သော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံမှပေးသည့် ပြောင်းဈေးမှာ ယခင်နှစ်ထက်နည်း ပါးနေခြင်းကြောင့် ကုန်သည်တချို့ ပြောင်းတင်ပို့ရောင်းချမှုရပ်နားထားတယ်ဆိုပါတယ်။လက်ရှိ ဘုရင်နောင်ကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးအရ ပြောင်းဆန်တစ်ပိဿာကို ကျပ် ၁၆၈၀ ကနေ ၁၇၀၀ အထိသာ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။



