မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီတော်၏ ကျောက်သားပြိုကျလာမည့် အန္တရာယ်ရှိသည့်အတွက် အောက်ခံကျောက်သား/မြေသားအခြေအနေအား ဘူမိ/ရူပဗေဒတိုင်းတာခြင်းများအား ၂၇.၄.၂၀၂၅ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ဆည်းမြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဘူမိဗေဒဌာနခွဲ)မှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။



