ထားဝယ်မြို့နယ် ၊ ကနိုင်းဒါရွာနှင့် ရှင်မုတ္ထီးရွာအကြားရှိ တိုးဂိတ်အနီးတွင် ဧပြီလ ၂၆ ရက် ညနေပိုင်း၌ လယ်ထွန်စက်မောင်းလာသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး အနီးတွင်လယ်ထွန်စက် တစ်စီးလည်း တိမ်းမှောက်နေသည်ကို မြင်တွေ့ခဲ့ရကြောင််း ဒေသခံများကဆိုသည်။လယ်ထွန်စက်သည် ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ဘက်သို့ ဦးတည်နေပြီး ကားလမ်းမ၏ ဘယ်ဘက်လမ်းနံဘေးသို့ ထိုးကျနေကြောင်း သေဆုံးနေသူမှာ ထွန်စက်မောင်းသူဖြစ်နိုင်ကြောင်း သိရပါသည်။



