တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာနေ အသက် ၇၄ နှစ်အရွယ် အဘွားတစ်ဦး စစ်ရှောင်နေသည့်နေရာတွင် ရင်ကျပ်ရောဂါဖောက်လာပြီး သေဆုံးကြောင်း ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူအချို့ထံမှ သိရသည်။ဧပြီလ ၂၄ရက် ည ၇နာရီဝန်းကျင်တွင် ရင်ကျပ်လာပြီး သေဆုံးကြောင်း အမျိုးတော်စပ်သည့် အမျိုးသမီးတစ်ဦး ကဆိုသည်။သိန်ခွန်းနှင့် ချောင်းလမုရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာနေ ဒေသခံများ စစ်ရှောင်နေရသည့်နေရာများတွင် ဆေးခန်းမရှိသဖြင့် ဆေးခန်းရှိသည့် အခြားဒေသမှ စပ်ဆေးကိုသာ ဝယ်သောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။



