back

လားရှိုးမြို့မှာ ဓားခုတ်မှုထပ်ဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး

Apr 27 • 11:28 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးမြို့မှာ ဓားခုတ်မှုထပ်ဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး

လားရှိုးမြို့မှာ ဓားခုတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ပတ်အတွင်း ဓားခုတ်မှုနဲ့ ဓားပြတိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။မနေ့ ဧပြီ...

လားရှိုးမြို့မှာ ဓားခုတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ပတ်အတွင်း ဓားခုတ်မှုနဲ့ ဓားပြတိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။မနေ့ ဧပြီ ၂၆ ရက် ည ၇ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ နေထိုင်တဲ့ ဦးမောင်ဆိုတဲ့ နေအိမ်ထဲကို ဓားပြတစ်စုကဝင်ပြီး ၎င်းအမျိုးသားရဲ့ ဦးခေါင်းနဲ့လက်ကို ဓားနဲ့ခုတ်ခဲ့လို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။၎င်းသေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ပရဟိတအသင်းတစ်ခုက လားရှိုးဘာသာပေါင်းစုံသုသာန်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။



news-view-count-icon

24