back

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးသံတမန်ဝှစ်ကော့ဖ်တွေ့ပြီးနောက် ယူကရိန်း သဘောတူညီချက် နီးကပ်လာပြီဟု ထရမ့်ပြော

Apr 27 • 9:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးသံတမန်ဝှစ်ကော့ဖ်တွေ့ပြီးနောက် ယူကရိန်း သဘောတူညီချက် နီးကပ်လာပြီဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးသံတမန် စတီဗင် ဝှစ်ကော့ဖ် သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၏ အစီအစဉ်ကို ဆွေးနွေးရန်ရုရှားသမ္မတ ဗလာဒီမာပူတင်အား မော်စကို၌ (...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးသံတမန် စတီဗင် ဝှစ်ကော့ဖ် သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၏ အစီအစဉ်ကို ဆွေးနွေးရန်ရုရှားသမ္မတ ဗလာဒီမာပူတင်အား မော်စကို၌ (ဧပြီ ၂၅ ရက်) တွင် သုံးနာရီကြာ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်က သူတို့ရဲ့ ရပ်တည်ချက် ကွဲပြားနေပေမယ့် နှစ်ဘက်စလုံးနှင့် "သဘောတူညီချက်တစ်ခုရရန် အလွန်နီးစပ်နေပြီ" ဟု ပြောခဲ့ကြောင်း သိရပါသည်။ဝှစ်ကော့ဖ်၏ အစည်းအဝေးအပြီးတွင် ထရမ့်က ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု ကောင်းသောနေ့ဖြစ်ကြောင်းနှင့် ကိယက်ဗ့်နှင့် မော်စကိုကြား အဆင့်မြင့်အစည်းအဝေးတစ်ခုပြုလုပ်ပြီး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သည်။

news-view-count-icon

19