အီရန်နိုင်ငံတောင်ပိုင်း ဘရန်ဒါအဘတ်စ် (Bandar Abbas )မြို့မှာ ဧပြီလ၂၆ရက်နေ့က ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။အီရန်တွင် ပေါက်ကွဲမှုဖြစ်ချိန်သည် အိုမန်တွင် အမေရိကန်နှင့် တတိယအကြိမ် နျူကလီးယား ဆွေး နွေးပွဲ စတင်စဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ခြင်း မသိရသေးပေ။ ဒီဖြစ်ရပ် ဖြစ်ရတဲ့အကြောင်းရင်းက Shahid Rajaee ဆိပ်ကမ်း ဆိပ်ခံတံတားဧရိယာမှာ သိုလှောင်ထားတဲ့ ကွန်တိန်နာအများအပြား ပေါက်ကွဲမှုကြောင့် ဖြစ်ပါတယ်။လောလောဆယ်တော့ ဒဏ်ရာရသူတွေကို ဆေးကုသရေးစင်တာတွေဆီ ရွှေ့ပြောင်းနေပါတယ်”ဟု ဒေသန္တရဆိုင်ရာအခက်အခဲဆိုင်ရာ စီမံခန့်ခွဲရေး အရာရှိတစ်ဦး က နိုင်ငံပိုင် တီဗီသို့ ပြောကြားခဲ့သည်။
Apr 27 • 9:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


