back

FA Cup က ထွက်ခဲ့ရပေမယ့် သူရဲ့ အဓိက ဦးစားပေးက Top 5 အတွင်း ရပ်တည်နိုင်ဖို့ပဲလို့ ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီ ဆို

Apr 27 • 9:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

FA Cup က ထွက်ခဲ့ရပေမယ့် သူရဲ့ အဓိက ဦးစားပေးက Top 5 အတွင်း ရပ်တည်နိုင်ဖို့ပဲလို့ ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီ ဆို

အက်စတွန် ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီဟာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အသင်းပရိသတ်များကို တောင်းပန်စကားဆိုခဲ့ပ...

အက်စတွန် ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီဟာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အသင်းပရိသတ်များကို တောင်းပန်စကားဆိုခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသာ သူရဲ့ အဓိက ဦးစားပေးဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ဒီရှုံးပွဲဟာ အမ်မရီရဲ့ ဗီလာအသင်းအတွက်တော့ မကြာသေးမီ ရက်ပိုင်းအတွင်း ခံစားခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပိုဆိုးစေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးကို ခက်ခဲစွာ ကစားပြီးမှ ရှုံးနိမ့်ခဲ့ပြီးနောက် အခု ပဲလေ့စ်ကို (၃)ဂိုးပြတ်ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ ထပ်မံ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

news-view-count-icon

21