အဆိုတော် နီလန်းဟာ ချစ်သူ မာဗင်နဲ့အတူ ဧပြီ ၂၆ ရက်နေ့မှာ ခဝဲခြံက ဘုရားကျောင်းမှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအိုင်ဒေါက တက်ရောက်လာတဲ့ အဆိုရှင်ဖြစ်တာကြောင့် သူမရဲ့မင်္ဂလာပွဲကို ကျော်ထက်အောင်နဲ့အတူ အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ သားငယ်၊ ဖြိုးမြတ်အောင်၊ ပိုးမီ၊ ချမ်းမြေ့မောင်ချိုနဲ့ အခြားသောအနုပညာရှင်များကလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြတာကိုတွေ့ရပါတယ်။



