မိတ်ကပ်ဖန်တီးမှုများသာမက ရုပ်ရှင်ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်လာရသည့် မိတ်ကပ် လင်းလင်း က ရွှေတိဂုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် ရွှေပြားသင်္ကန်းတော်များ ပါဝင် လှူဒါန်းခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရပါတယ်။"မြန်မာပြည်ရဲ့ အထွဋ်မြတ်ဆုံးရတနာဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသားအစစ် ရွှေစင် ရွှေပြား ရွှေသားသင်္ကန်း ကပ်လှူခြင်းကုသိုလ်တော်၊ ကျမတို့မိသားစုရဲ့ နှစ်သစ်ကူးချိန် နှစ်ဦးမှာ ပထမဆုံး လှူဖြစ်တဲ့ အလှူတော်၊ နတ်လူသာဓုခေါ်စေသော် ထပ်တူထပ်မျှ ရရှိကြပါစေ”ဟုလည်း မိတ်ကပ် လင်းလင်းက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။လက်ရှိရုံတင်ပြသနေသည့် ကစားပွဲ(Play) ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း လင်းပိုင်ဟု အမည် ရသော ဇာတ်ကောင်နေရာမှပါဝင်သရုပ်ဆောင်ထားလျက်ရှိသည်။ ထိုဇာတ်ကားမှာ ဇာတ်လမ်းဇာတ်ညွှန်း ဒီဒီ ထက်အောင်၊ ရိုက်ကွင်းဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ ရန်နိုင်ထွန်းတို့ ရေးသားထားပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ဖန်တီးထားကာ Bo Bo Film Production မှ ထုတ်လုပ်ထားသည်။



