ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ဧပြီလ ၂၁ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ပစ္စည်းခိုးယူမှုထက် ပေါ်ပေါ်ထင်ထင် လုယက်သူများနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာသောကြောင့် လူပြတ်သောလမ်းများတွင် မသွားရဲကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။



