ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ
အင်းလေး ဖောင်တော်ဦးဘုရား ရင်ပြင်တော်ရှိ အက်ကွဲကြောင်းများမှာ ငလျင်ဒဏ်ကြောင့် တစ်နေ့တစ်ခြား အက်ကွဲကြောင်း ပိုမို ကြီးမားလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော် တစ်ဝိုက်ရှိ အက်ကွဲကြောင်းများသည် လက်ရှိ အချိန်တွင် ပိုကြီးလာပြီး ပိုကျယ် လာနေကြောင်း သိရကာမတ်လ (၂၈) ရက်မှ ဧပြီလ (၁) ရက် အထိ ငလျင် လှိုင်းငယ်များ ထပ်မံ လှုပ်ခတ်ခြင်းကြောင့် အက်ကွဲကြောင်းများ ပိုမို ကျယ်လာခြင်း ဖြစ်နိုင်ကြောင်း ဘုရား အနီး နေထိုင်သူများက ဆိုသည်။ငလျင်ဒဏ်ကြောင့် ပြန်လည် ပြုပြင်မှုများ ပြုလုပ်နိုင်ရန် အတွက် မတ်လ ၃၀ ရက်မှ စတင်၍ အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရားများကို ဘုရားဖူးခွင့် ယာယီပိတ်ထားကြောင်း ဘုရား ဂေါပက အဖွဲ့ က ကြော်ငြာထားပါတယ်။


