back

မန္တလေးတိုင်း၊ပြင်ဦးလွင်မှာ နောက်ထပ်ဆီဘောက်ဆာကားတွေမလာနိုင်ရင် ဆီပြတ်ဖို့ရှိနေ

Apr 02 • 2:16 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၊ပြင်ဦးလွင်မှာ နောက်ထပ်ဆီဘောက်ဆာကားတွေမလာနိုင်ရင် ဆီပြတ်ဖို့ရှိနေ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့မှာ၊ နောက်ထပ်ဆီဘောက်ဆာကားတွေထပ်ရောက်မလာနိုင်လျှင် တစ်ပတ်အတွင်းစက်သုံး ဆီပြတ်လပ်သွားနိုင်ကြောင်း လုပ်ငန်းရှင်အသိုက်အဝန်းမှသိရပါတယ်။...

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့မှာ၊ နောက်ထပ်ဆီဘောက်ဆာကားတွေထပ်ရောက်မလာနိုင်လျှင် တစ်ပတ်အတွင်းစက်သုံး ဆီပြတ်လပ်သွားနိုင်ကြောင်း လုပ်ငန်းရှင်အသိုက်အဝန်းမှသိရပါတယ်။အထူးသဖြင့် ဓာတ်ဆီအောက်တိန်း 95 လုံးဝပြတ်လပ်သွားနိုင်ပြီး၊ 92 လည်း တစ်ပတ်ထက်ပိုပြီး ရောင်း စရာမရှိတော့ကြောင်း စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တချို့ကလည်း ဆိုပါတယ်။ဖျက်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်တစ်ရက်မှစတင်ကာ၊ ပြင်ဦးလွင်မြို့တွင်းမြို့ပြင်ရှိသမျှ စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီနှစ်မျိုး (92/95)ဝယ်ယူရအခက်အခဲနှင့်ကြုံတွေ့နေရပြီး၊ အကျိုးဆက်အဖြစ် တန်း စီဝယ်ယူစနစ်ပြန်လည်ဖြစ်ပေါ်ခဲ့သလိုမတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်ခန့် ၊မန္တလေးမြို့၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့် အကွာဗဟိုပြု၍၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင် ကြီးငယ်များကြောင့်၊ ရန်ကုန်-နေပြည်တော်-မန္တလေး-ပြင်ဦးလွင်လမ်းပိုင်အပြင် စစ်ကိုင်းတိုင်းဒေသကြီးသို့ ဆက်သွယ်ရာကားလမ်းများ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပါတယ်။



news-view-count-icon

16