ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့ ၊အင်းလေးဒေသရှိ ငလျင်ဒဏ် ခံစားနေရသည့်ပြည်သူများအတွက် လာရောက်ကူညီလှူဒါန်းသူများကို နေစရာနှင့် စက်လှေ အခမဲ့ စီစဉ်ပေးနေကြောင်း သိရပါတယ်။ညောင်ရွှေမြို့ အင်းလေးဒေသရှိ Bright Hotel မှ အင်းလေးသို့ လာရောက် ကူညီပေးသူအတွက် ဘယ်နေမဆို သွားရောက်ကူညီချင်သည့်နေရာများအား စက်လှေအခမဲ့နှင့် နေစရာလည်း စီစဉ်ပေးနေသလိုတည်နေရာမှာ ညောင်ရွှေ ၊ ဖောင်တော်ဆိပ်လမ်း၊ ဝင်းရပ်ကွက်၊ ညစျေးမြောက်ဘက်ဖြစ်ပြီး မိမိ သွားရောက်ကူညီလှူဒါန်းချင်သည့် နေရာကို အဆင်ပြေစွာရောက်ရှိအောင် ၎င်းတို့မှ တစ်ဘက်တစ်လမ်း ကူညီပေးချင်သည့်အတွက် နေရာစာနှင့်စက်လှေ အခမဲ့ စီစဉ်ပေးရခြင်းဖြစ်ပါတယ်။



