back

ရှမ်းပြည်နယ်က ငလျင်ဘေးသင့် ဒေသအတွက် တရုတ်ဘက်က ယွမ် ၁၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့

Apr 01 • 5:41 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်က ငလျင်ဘေးသင့် ဒေသအတွက် တရုတ်ဘက်က ယွမ် ၁၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့

ရှမ်းပြည်နယ်က ငလျင်ဘေးသင့် ဒေသအတွက် တရုတ်ဘက်က ယွမ် ၁၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းပေးခဲ့ကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။ "တရုတ် ယွမ...

ရှမ်းပြည်နယ်က ငလျင်ဘေးသင့် ဒေသအတွက် တရုတ်ဘက်က ယွမ် ၁၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းပေးခဲ့ကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။ "တရုတ် ယွမ်ငွေ ၁၁ သိန်း တန်ဖိုးရှိတဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ ဆေးနဲ့ ဆေးပစ္စည်းတွေလှူဒါန်းတာဟာ မြန်မာငွေနဲ့ဆို သိန်း ၆၆၀၀ ခန့်" လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တစ်ယောက်က ပြောကြားပါတယ်။ တယ်ဟုန်ပြည်နယ်ခွဲ အစိုးရနဲ့ ရွှေလီမြို့ပြည်သူ့ အစိုးရတို့က မတ်လ ၂၉ ရက်နေ့ညနေပိုင်းက တရုတ်ဘက်က တာဝန်ရှိသူတွေက မန့်ဝန်း - ကျယ်ဂေါင် နှစ်နိုင်ငံ နယ်စပ် ဂိတ်မှာ မြန်မာဘက်ခြမ်း မူဆယ်ဘက်က တာဝန်ရှိသူတွေ လာရောက် လှူဒါန်း ပေးခဲ့တာ ဖြစ်ပြီးအဲဒီ ငလျင်ကယ်ဆယ်ရေး ပစ္စည်းတွေထဲမှာ ဆေးနဲ့ ဆေးဝါး ပစ္စည်းတွေ အပြင် ရွက်ဖျင်တဲ၊ အသင့်စားခေါက်ဆွဲ၊ ဆန်၊ ခေါက်ကုတင်၊ အိပ်ရာခင်းဆက်၊ ဂွမ်းစောင်၊ရောင်စုံမိုးကာဖျင်လိပ် တွေပါဝင်တယ်လို့ ဆိုပါတယ်။



news-view-count-icon

22