back

ရှမ်းပြည်နယ် တောင်ကြီးတွင် ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်ကာ ရေကို အလုယက်ဝယ်သုံးနေရ

Apr 01 • 5:55 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် တောင်ကြီးတွင် ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ရေပြတ်လပ်ကာ ရေကို အလုယက်ဝယ်သုံးနေရ

ရှမ်းပြည်နယ်၊သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက် ခံထားရသောကြောင့် ရေများပြတ်လပ်နေကြသလိုပြီးခဲ့သည့် မတ်လ (၂၈...

ရှမ်းပြည်နယ်၊သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက် ခံထားရသောကြောင့် ရေများပြတ်လပ်နေကြသလိုပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ခံထားရသောကြောင့် သုံးရေအတွက် အခက်အခဲရှိနေပြီး ရေကို ဈေးကြီးပေး၍ အလုအယက် ဝယ်ယူအသုံးပြုနေကြရသည်ဟု မြို့ခံများထံမှ သိရပါတယ်။လက်ရှိဖြစ်ပွားခဲ့သော ငလျင်ကြောင့် တောင်ကြီး အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် လျှပ်စစ်မီး ပြတ်တောက်နေကြပြီး လျှပ်စစ်မီးပြန်ရရှိရန် ပြန်လည်လုပ်ဆောင်နေလျှက် ရှိပါတယ်။ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငလျင်ဘေးသင့်ပြည်သူများသည် အရေးပေါ် ရေသန့်နှင့် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်သားများလည်း လိုအပ်နေပါတယ်။


news-view-count-icon

59