ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ) နဲ့အတူ လောကသစ္စာ၊ ကရုဏာသစ်၊ သုခဒါန၊ မြတ်ပါရမီ၊ ပြည်သူ့ကယ်ဆယ်ရေးအင်အားစု အသင်းတွေ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-လက်ပန်လှ (Myanmar Rescue Let Pan Hla) ရဲ့ မြို့နယ်ဥက္ကဋ္ဌက “အင်းတော (ရွှေလုပ်ကွက်) ထဲကနေ အခုကယ်တင်နိုင်ခဲ့တဲ့ ၅ ယောက်ကို ငလျင်လှုပ်ပြီးလို့ ရွှေတွင်းပြိုပြီးချိန်ကနေ ၆၅ နာရီကျော်မှ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီးရုပ်အလောင်းကတော့ ၂၇ လောင်း တွေ့ထားပါတယ်။ တွင်းထဲမှာ အသက်ရှင်နေသူတွေ ရှိနိုင်သေးလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။



