back

လာအိုစစ်တပ်က မြန်မာငလျင်ဘေး ကယ်ဆယ်ရေးအတွက် ကူညီကယ်ဆယ်ရန်ရောက်ရှိနေ

Apr 01 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လာအိုစစ်တပ်က မြန်မာငလျင်ဘေး ကယ်ဆယ်ရေးအတွက် ကူညီကယ်ဆယ်ရန်ရောက်ရှိနေ

မတ်လ (၂၈)ရက်နေ့က မြေငလျင်ကြောင့် အဆောက်အဦပျက်များအောက် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးရေးအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စ...

မတ်လ (၂၈)ရက်နေ့က မြေငလျင်ကြောင့် အဆောက်အဦပျက်များအောက် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးရေးအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများနှင့်အတူ နိုင်ငံတကာမှ စစ်တပ်များက တပ်ဖွဲ့ဝင်များနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီး စေလွှတ်၍ ကူညီပေးနေကြခြင်းဖြစ်ပါတယ်။အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ကူညီရန် လာအိုစစ်တပ်မှ တပ်ဖွဲ့ဝင် (၃၃)ဦးပါသည့် ကယ်ဆယ်ရေးအဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်နေ့၌ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးအဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် လာအိုစစ်တပ်မှ တပ်ဖွဲ့ဝင် (၁၁) ဦးနှင့် အခြားသက်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ကြပြီး ယင်းအဖွဲ့အား မန္တလေးသို့ စေလွှတ်ထားကြောင်း သိရပါတယ်။



news-view-count-icon

29