တေးသံရှင် မိုးမိုးဟာ"ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ပြင်ဦးလွင်မှာယာယီနေထိုင်လိုသူများ ကျနော့်အိမ်မှာ အခမဲ့ သွားရောက်နေထိုင်နိုင်ပါတယ်။အိမ်မကြီးမှာတော့ အခန်းက တစ်ခန်းပဲလွတ်တော့တာ ဆိုပေမယ့် ခြံက တစ်ဧက နီးပါးကျယ်လို့ ခြံထဲက (မဖွင့်တော့တဲ့ ဆိုင်အပါအဝင်) အဆောက်အအုံတချို့မှာအေးအေးဆေးဆေး နေလို့ရပါတယ် ရေ ၊မီး (လာတဲ့အချိန်ပေါ့လေ) အပြည့်အစုံသုံးခွင့်ပေးပါတယ်ဗျ။အိမ်သာကအစ ဆိုင်ဖွင့်တုန်းက ၄ လုံး ဆိုင်အဆောက်အအုံမှာရှိတဲ့အတွက် သုံးလို့ရပြီးရပ်ကွက်ကြီး ၆ ရပ်ကွက်မို့ မြို့ထဲဖြစ်တဲ့အတွက်သွားရေးလာရေး ချက်ရေးပြုတ်ရေးက အစအဆင်ပြေပါတယ် အရင်အတွေ့အကြုံလေးတွေရှိဖူးတာကြောင့်စည်းကမ်းလေးအနည်းငယ်တော့ ထားထားပါတယ်။ကိုယ့်ဝေယျာဝစ္စ ကိုယ့်သန့်ရှင်းရေး ကိုယ်တာဝန်ယူရပါမယ်။သုံးချင် ယူချင်တဲ့ပစ္စည်း ယူမယ်ဆို အိမ်ကဝန်ထမ်းကိုပြောပြီး အသိပေးပြီးမှ ယူကြပါ၊ပြန်ထားရင်လဲ ယူတဲ့နေရာမှာပဲ ပြန်ထားပေးပါဗျဒီလောက်ပါပဲ ။စည်းကမ်းတကျလေး အဆင်ပြေပြေလေးနေချင်တဲ့သူများ095165946ကိုဆက်သွယ်ပေးပါလို့ဆိုထားပါတယ်။



