မန္တလေး၊နေပြည်တော်၊စစ်ကိုင်းမှာ ဗဟိုပြုပြီး လှုပ်ခတ်တဲ့ ငလျင်အကြိမ်အရေအတွက်တွေ အများဆုံးဖြစ်ပြီးအများဆုံး (၇.၇)ရစ်တာစကေးကနေ အနည်းဆုံး(၃.၀)ရစ်တာစကေးအဆင့်ရှိ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေထပ်မံလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မြန်မာ မီးသတ်၊ကြက်ခြေနီ၊လူမှုကူညီရေးအသင်းတွေကကူညီကယ်ဆယ်ရေး တွေဆောင်ရွက်ပေးနေပြီး ဒီကနေ့မနက်အထိ တိုက်အောက်ပိပြီး အသက်ရှင်နေသူတွေကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ (၄)ရက်တာအတွင်း အလွန်ပြင်းထန်တဲ့ငလျင်နဲ့ နောက်ဆက်တွဲငလျင်စုစုပေါင်း (၅၁)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီလ(၁)ရက် ထုတ်ပြန်ချက်အရသိရပါတယ်။



