အဆိုတော်ရဲနောင်ရဲ့ ဇနီးဖြစ်သူ၊သုခဒိုင်းမွန်းကွန်ဒိုပိုင်ရှင်ဖြစ်သူရဲ့သမီးဖြစ်သူ နှင်းဆီလင်းဝင်းက ဒေါ်မိုးသီတာရွှေ ဆုံးပါးသွားရခြင်းဟာ ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးနောက်ကျသွားလို့ အသက်ဆုံးရှုံးရတာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းမစုံလင်တာအပြင် အချိန်မီ မကယ်ဆယ်နိုင်တဲ့အတွက်ကြောင့် အသက်ဆုံးပါးခဲ့ရတာလည်းဖြစ်ကာ ငလျင်လှုပ်ပြီးနောက် မိခင်နဲ့အတူတူ လွှင့်ထွက်ပြီး ပိတ်မိနေခဲ့တဲ့ အိမ်အကူက မိခင်ဟာ မတ်လ ၃၀ ရက်နေ့အထိ သူမနဲ့အတူ စကားပြောနေသေးကြောင်း၊ အားတင်းထားဖို့ ပြောနေကြောင်း၊ သူမရဲ့ အမျိုးသားဖြစ်သူက လာကယ်ဆယ်မယ်ဆိုတာသေချာတာကြောင့် အားတင်းထားဖို့နဲ့ အပြင်က အသံတွေကိုပြန်လည်ထုရိုက်ပေးနေတဲ့အထိ အခြေအနေကောင်းနေသေးကြောင်း လွတ်မြောက်လာသူရဲ့ပြောပြချက်အရ သိခဲ့ရတာပါ။ မိခင်ဖြစ်သူကို မတ်လ ၃၁ ရက်နေ့မှာသာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး DB သာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အဆိုတော်ရဲနောင်ရဲ့ ဇနီးဖြစ်သူ နှင်းဆီလင်းဝင်းဟာ ကယ်ဆယ်ရေး နောက်ကျလို့ အမေ့အသက်ကို ဆုံးရှုံးလိုက်ရကြောင်းပြောလာ
Apr 01 • 3:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 86 | 0 | 0 | 0 |


