Bo Bo Entertainment Co.,Ltd မှ ဦးဆောင်၍ ကျပ်သိန်း ၃၀၀ ကို မ, တည်လှူဒါန်းပြီး အနုပညာရှင်များ၊ အလှူရှင်များ စုပေါင်းကာ ငလျင်ဘေးသင့်သော ပျဉ်းမနားမြို့နှင့် အခြားမြို့များသို့ သွားရောက်လှူဒါန်းရန် စီစဉ်ထားကြခြင်းလည်းဖြစ်သည်။ထိုသို့ သွားရောက်လှူဒါန်းကြမည့်အစီအစဉ်တွင် လုပ်အားပေးလိုက်ပါလို့သူများလည်း ပါဝင်နိုင်ရန်ဖိတ်ခေါ် ထားပြီး လုပ်အားဒါနဖြင့် လုပ်အားပေးပါဝင်ကူညီလိုသူများအနေဖြင့်လည်း Bo Bo Entertainment Co.,Ltd သို ဆက်သွယ်ကာ အမည်စာရင်းပေးပို့ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။



