မြေပြင်အခြေအနေလိုအပ်ချက်များနှင့်လုံခြုံရေးအခြေအနေကိုသုံးသပ်ပြီးအရေးပေါ်ကယ်ဆယ်ရေးအဖွဲစေလွှတ်ရန် ဂျပန်နိုင်ငံအစိုးရဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကမတ်လ(၃၁)ရက်မှာထုတ်ပြန်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက်အခြေခံလိုအပ်တဲ့ပစွည်းတွေအပါအဝင်အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစွည်းတွေကိုJICAကတစ်ဆင့်ထောက်ပံ့ပေးဖိုဆုံးဖြတ်ခဲ့တာလို့လည်းဖော်ပြထားပါတယ်။ ပြိုကျပျက်စီးနေတဲ့အဆောက်အအုံတွေအောက်မှာပိတ်မိနေသူတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းတွေကိုလက်ရှိချိန်ထိကူညီဖယ်ထုတ်နိုင်ဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကို ကူညီဆောင်ရွက်ရန် JICA အဖွဲ ရန်ကုန်သို့ ရောက်ရှိနေပြီလို့လည်း ဂျပန်သံရုံးကထုတ်ပြန်ထားပါတယ်။



